ကံမ ၁၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မင်းကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၆၄ ကျောင်းမှ အထက်တန်းဆင့် ၁၅ ဦး၊ အလယ်တန်းအဆင့် ၄၄ ဦး၊ မူလတန်းအဆင့် ၄၅ ဦးတို့က " အာဇာနည်နေ့ ဒို့မမေ့ " ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမူရေးအသင်းအဖွဲ့များပူးပေါင်း၍ ကျင်းပပြု လုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


