သံတောင်ကြီး ၁၂ ဇူလိုင်


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်   မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍  သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊  မူးယစ်ဆေးဝါးပပျောက်ရေး၊  ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နေ့လယ် ၁ နာရီက မူလွန်သံဇဉ်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နော်လော်မူက  အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်သော ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ပြောကြားပေးခဲ့ပြီး  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲအုပ် သာမောင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသက်(၁၈)နှစ်မပြည့်လျှင် မည်သည့်ယာဉ်မျှ မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်၊  ဆိုင်ကယ်ကို နှစ်ယောက်ထက် ပိုမစီးရန်၊  မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊  မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲခြင်းဖြင့် ကျသင့်မည့်ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို လည်းကောင်း၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရန် လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။


ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့နှင့်ပတ်သက်သော နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN