၁၂ ဇူလိုင်

 

ဂရိနိုင်ငံ ရှိ  ဂူတစ်လုံးထဲမှ ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုသည် အာဖရိကတိုက် ပြင်ပတွင်တွေ့ရသည့်  ခေတ်သစ်လူသားများ၏ ရှေးအကျဆုံးကြွင်းကျန်ရစ်သော ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုအဖြစ် ဂျာမန် သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ကြသည်။

 

ဂျာမနီ နိုင်ငံ Tuebingen တက္ကသိုလ်မှ ပညာရှင်များပါဝင်သည့် သိပ္ပံပညာရှင်များသည်  ဂရိနိုင်ငံတောင်ပိုင်း ဂူတစ်လုံးအတွင်း တွေ့ရှိရသည့် ဦးခေါင်းခွံနှစ်လုံးကို ပြန်လည်ပုံသွင်းပြီး ရေဒီယိုဓါတ်ရောက်ခြည်သုံးကာ သက်တမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ကြသည်။

 

1

 

ဦးခေါင်းခွံတစ်ခုသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်သိန်းတစ်သောင်း (၂၁၀ဝ၀ဝ) က ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုဖြစ်သည်။ အခြားဦးခေါင်းခွံတစ်ခုသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခုနှစ်သောင်း က ဥရောပကျောက်ခေတ်လူသား ဖြစ်သည်။

 

ယခုတိုင်ယုံကြည်ထားကြသည့် အချိန်ထက် အစောပိုင်းနှစ်ပေါင်းသောင်းချီကတည်းက ခေတ်သစ် လူသားများသည် အာဖရိကတိုက်မှ ထွက်ခွာကာ ဥရောပကျောက်ခေတ်လူသားများနှင့် အခြားလူသားမျိုးနွယ်များ တို့နှင့်အတူ ဆုံမိခဲ့ကြသည် ဟူသော သက်သေပြချက်များကို တွေ့ရှိရကြောင်း ထိုသိပ္ပံပညာရှင်များက ဆိုသည်။

 

2

 

အဆိုပါ သိပ္ပံပညာရှင်များသည် ၎င်းတို့၏တွေ့ရှိချက်ကို ဗြိတိသျှသိပ္ပံဂျာနယ် Nature တွင် ၁၀ ရက်နေ့က ဖော်ပြခဲ့သည်။

 

အာဖရိကတွင် တွေ့ရှိခဲ့သော လူသားအစဖြစ်သည့်  ရှေးအကျဆုံးဟုသိရှိခဲ့သည့် ခေတ်သစ်လူသား ကျောက်ဖြစ်ရုပ်ကြွင်းမှာ နှစ်ပေါင်း သုံးသိန်း (၃၀ဝ၀ဝ၀)ခန့်ဖြစ်ကြောင်းနှင့်  အရှေ့အလယ်ပိုင်းတွင် တူးဖော်ရရှိခဲ့သော ရုပ်ကြွင်းတစ်ခုမှာ နှစ်ပေါင်းတစ်သိန်းရှစ်သောင်း (၁၈၀ဝ၀ဝ) ရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

 

ဘာသာပြန် - မြင့်မြင့်ချို

 

4