ရန်ကုန် ၁၂ ဇူလိုင်
ရန်ကုန်တောင်ပိုင်ခရိုင် သန်လျင်မြို့နယ်တွင် ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက ရွာသွန်းသော မိုးများကြောင့် လမ်းမကြီးတချို့နှင့် လူနေအိမ်ချို့တွင် ရေများဝင်ရောက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ရွာသွန်းသောမိုးကြောင့် ဗိုလ်ချုပ်နေဝင်လမ်း၊ ဖို့မြေလမ်း၊ သတိပဋ္ဌာန်လမ်းမကြီးတို့တွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တချို့အတွင်းသို့ ရေများဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


