နေပြည်တော် ၁၂  ဇူလိုင်

ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်များရှိ ကျေးရွာ အချို့မှ AA အဖွဲ့နှင့်ဆက်နွယ်ပတ်သက်သူနှင့် သံသယရှိသူများကို ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အမှုမှန်ပေါ်ပေါက်စေရန်၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ပန်းမြောင်းကျေးရွာ၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာ၊ ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းကျေးရွာ၊ ကျောက်တော်မြို့နယ်ရှိ မင်းသား တောင်ကျေးရွာနှင့် မြောက်ဦးမြို့နယ်ရှိ ဝေသာလီဆုတောင်းပြည့်ဘုရားအနီး ဒေသများမှ AA အဖွဲ့နှင့်ဆက်နွယ်ပတ်သက်သူ၊ ဆက်နွယ်ပတ်သက်သူဟု သံသယရှိသူများကို ထိန်းသိမ်း စစ်ဆေးမှုများဆောင်ရွက်စဉ် သေဆုံးမှုအချို့ဖြစ်ပေါ်ခဲ့ရာ ယင်းသေဆုံးမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အမှုမှန်အတိုင်းပေါ်ပေါက်စေရန် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က တပ်မတော် နည်းဥပဒေ ၁၇၆ နှင့်အညီ ယနေ့မှစ၍ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

(သတင်းစဉ်)