ဝါရှင်တန် ၁၃ ဇူလိုင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုတို့သည် အီရန်ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်၁၁ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်
နှစ်နိုင်ငံခေါင်းဆောင်တို့သည် အီရန်၏ ဆိုးရွားသော လုပ်ရပ်များအား တားဆီးဟန့်တားရေးအပါအဝင် နှစ်ဦးနှစ်ဖက် အမျိုးသားလုံခြုံရေးအကျိုးစီးပွားများ တိုးမြှင့်ခြင်းအားဖြင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အဓိကထားဆွေးနွေးခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုက လွန်ခဲ့သည့် တစ်နှစ်ကျော်က နျူကလီးယားသဘောတူစာချုပ်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီးနောက် အီရန်နိုင်ငံသည် သန့်စင်ယူရေ နီယံကို ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူချက်ပါ သတ်မှတ်ချက်ထက် ကျော်လွန်ပြီး တိုးမြှင့်ထားကြောင်း ဇူလိုင် ၇ ရက် အစောပိုင်းက ကြေညာလိုက်သည်။
အီရန်နိုင်ငံ၏ ရန်ဘက်ဖြစ်သော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ကမူ အီရန်နိုင်ငံသည် နျူကလီး ယားလက်နက် တည်ဆောက်ရေးအတွက် ယူရေနီယံကိုအကြောင်းပြလျက်ရှိသည်ဟု စွပ်စွဲကာ အီးယူခေါင်းဆောင်များအား အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ နောက်ထပ်ချမှတ်ရန် တိုက်တွန်းလိုက်သည်။
ဆင်ဟွာ