ခင်ဦး  ၁၃ ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၂) နှစ်မြောက် အာဇာနည်နေ့(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စံဟိဏ်းကျော် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးရွှေက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ကြည်ဆန်းက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် သမိုင်းကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူခက စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးသတ်ဆေးဘူးသုံးစွဲနည်းတို့ကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဦးဌေးတင့်က စားသုံးသူအကာအကွယ်ပေးရေး အသိပညာတို့ကို လည်းကောင်း ဟောပြောခဲ့သည်။

 

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။


 
စိုးဝေအောင်(ခင်ဦး)