ငါန်းဇွန် ၁၃ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆နာရီက မြင်းခြံ-မြို့သာ-တံတားဦး မော်တော်ကားလမ်း၊ မြို့သာကျေးရွာအုပ်စု မြို့သာအနောက်ကျေးရွာအနီး မိုင်းတိုင်အမှတ် (၄၈၇/၁ မှ ၄၈၇/၇ အထိ) ဒေသခံပြည်သူများက ပတ်ဝန်းကျင် သာယာလှပရေးအတွက် လမ်းဘေး ဝဲ/ယာရှိ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များသန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း (မြို့နယ်အုပ်ချုပ်ရေး မှူး)၏ ဦးဆောင်မှုဖြင့် မော်တော်ကားလမ်းဘေးဝဲ/ယာ၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ရွှေနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့သာနယ်မြေရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ မြို့သာအခြေခံ ပညာအထက်တန်းကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများ ပူပေါင်း၍ မော်တော်ကားလမ်းဘေးဝဲ/ယာရှိ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များအား ပတ်ဝန်းကျင်သာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက် ရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)


