ကျောက်တံခါး ၁၃ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်စိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဌာနလုပ်ငန်းများအကြောင်း ပြောကြားခဲ့ပြီး ကျောက်တံခါးမြို့နယ် ပုဂ္ဂလိက စက်မှုလယ်ယာ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဆွေက အသင်း၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား(၃၅)ဦးတို့ တက်ရောက်ပြီး အဆိုပါသင်တန်းအား (၁၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


