ကော့သောင်း ၁၃ ဇူလိုင်
(၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော့သောင်းမြို့၊ အလကခွဲ(ဘုရင့်နောင်) ကျောင်း နှင့် မူလတန်းလွန်ကျောင်း(အေးမြကန်သာ)တို့တွင် သီခြားစီ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဆောင်ရွက်မှုတွင် ကျောင်းသားကျောင်းသူများအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်မေဇင်ဦး က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် သိမှတ်ဖွယ်ရာများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အစရှိသည်များကို အသိပညာပေး ဟောပြောသည်။
ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများ၊ ကိုယ်ရေးအကျဉ်းနှင့် အာဇာနည်နေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့် ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


