သရက်ချောင်း ၁၃ ဇူလိုင်  


    
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့ နေ့လယ်ပိုင်းက သရက်နှစ်ခွကျေးရွာ၌ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့သည်။


    
ရှေးဦးစွာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ ဦးစီးမှူးများက ရောဂါဝေဒနာ များနှင့်ပတ်သက်ပြီး အလွယ်တကူ အသုံးပြုနိုင်ပြီး အစွမ်းထက်မြက်သော တိုင်းရင်းဆေးဝါးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး တိုင်းရင်းဆေးဝန်ထမ်းများက ကျေးလက်နေပြည်သူ(၅၇)ဦးအား အခမဲ့ကုပေးခဲ့သည်။ အဆိုပါ ကုသပေးသည့်ရောဂါများမှာ အဆစ်ရောင်၊ ဒူးနာ၊ ခါးနာ၊ သွေးတိုး၊ ကျီးပေါင်းရောဂါများကို ကုသပေးခဲ့ကြောင်း သရက်ချောင်း(ပြန်/ဆက်)မှ သိရသည်။

 

MDN