ဖျာပုံ  ၁၃ ဇူလိုင်  
    

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖျာပုံခရိုင်၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် မော်တော်ဆိုင်ကယ်စီး ဉီးထုပ်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၁၀) နာရီက ဖျာပုံမြို့ သီရိအဏ္ဏဝါ ခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်တို့က အမှာစကား ပြောကြားကြပြီး ဖျာပုံမြို့နယ် အမှတ်(၈၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဇာနည်ထွန်းက ပရိုဂျက်တာဖြင့်  ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာများဖြစ်သော မော်တော်ဆိုင်ကယ်များ အနေဖြင့် သွားလာရာ လမ်းဘေးဝဲယာ သတိပေးအချက်ပြ ဆိုင်ဘုတ်များအား သတိထားမောင်းနှင်ကြရန်နှင့် မော်တော်ယာဉ်အချက်ပြမီးများ စနစ်တကျ တပ်ဆင်ထားရန်စသော မော်တော်ယာဉ်မောင်းနှင်ရာတွင် သိရှိရမည့် အချက်များအား အသေးစိတ်အသိ  ပညာပေး ရှင်းလင်း ဟောပြောသည်။ 

 

1


    

ထိုနောက် ဆိုင်ကယ်စီးဦးထုပ်များအား အမျိုးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဖျာပုံမြို့နယ်၏ လွှတ်လပ်ရေးပွဲတော်တွင် ရရှိသည့် ရန်ပုံငွေမှ ဦးထုပ်အလုံး(၅၀ဝ)၊ ဆက်သွယ်ရေးအော်ပရေတာ Mytel မှလှူဒါန်းသော ဦးထုပ်အလုံး(၁၀ဝ) စုစုပေါင်း ဆိုင်ကယ်စီးဦးထုပ် အလုံး(၆၀ဝ) အား တက်ရောက်လာကြသော ပြည်သူများထံ အခမဲ့ပေးအပ်ခဲ့သည်။ 


ဆက်လက်၍ အခမ်းအနားအပြီးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေမှ ဦးဆောင်၍ တက်ရောက်လာသော ပြည်သူများနှင့်အတူ အခမဲ့ဖြန့်ဝေပေးထားသည့် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းကာ အခမ်းအနား ကျင်းပရာ နေရာမှစတင်၍ ဖျာပုံမြို့တွင်းသို့ တစ်ပတ်စီးနင်းကာ ယာဉ်အန္တရာယ်ကင်းရှင်းရေး ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် လှုပ်ရှားမှုအနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။ 


MDN

 

1