ကန်ကြီးထောင့်  ၁၃  ဇူလိုင်  


ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်း၌ ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုင်တိုင်အမှတ် ၉၀/၅ နှင့် ၉၀/၆ ကြားရှိ လုံးပတ် ၆ ပေခန့် နှင့် အရှည် ၇၅ ပေခန့်ရှိ ကုက္ကိုလ်ပင်သည် ကားလမ်းမပေါ်သို့လဲပြိုခဲ့ရာ ကားလမ်းခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 

သစ်ပင်ပြိုလဲမှုအား မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ရဲတပ်ဖွဲ့ဝင်များ၊ ဒါးကနယ်မြေ မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများမှ ဝိုင်းဝန်းရှင်းလင်းဖယ်ရှားခဲ့ကြရာ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားနိုင်ခဲ့ကြောင်း သိရသည်။

နန်းထိုက် (KGD)