နေပြည်တော် ၁၃ ဇူလိုင်
ယနေ့ မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၃၈)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၅၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ( ဟုမ္မလင်းမြို ့၏ အနောက်မြောက်ဘက် (၁၂)မိုင် ခန့်အကွာ) မြောက်လတ္တီ တွဒ် (၂၄.၉၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၃) ဒီဂရီ၊ အနက် (၅၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိုး/ဇလ


