ပန်းတနော် ၁၄ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် မရမ်းကျေးရွာ RHC ကျေးလက်ကျန်းမာရေးဌာနမှ ဦးဆောင်ကာ Future Light Foundation ၊ ကရုဏာရှင် အရေးပေါ်လူနာတင်ယာဉ်တို့မှ ပူးပေါင်း၍ ပန်းတနော်မြို့နယ်အတွင်းသို့ လှည့်လည်ကာ ဇူလိုင်လ ၁၃ ရက် နေ့လည် ၁၂ နာရီက ရာသီတုပ်ကွေးအသိပညာပေး သီးချင်းသီဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် ရာသီသွေးလွန်တုတ်ကွေးနှင့်ရာသီအအေးမိရောဂါများ၊ H1 N1 ရောဂါလက္ခခဏာများ အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် သီချင်းသီဆို ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)


