ဖလမ်း ၁၄ ဇူလိုင်
ဖလမ်းမြို့ရှိ အိမ်ထောင်စုများအတွက် မြေငှားဂရမ်ပေးအပ်ခြင်းနှင့် လူထုတွေ့ဆုံပွဲကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက မြေငှားဂရမ်ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖလမ်းမြို့ရှိ အိမ်ထောင်စု(၆၀)စုအတွက် မြေငှားဂရမ်များကို ပေးအပ်ပြီး အိမ်ထောင်ဦးစီးများက လက်ခံရယူကာ မြေငှားဂရမ်ရရှိသူများကိုယ်စား ဦးသက်မောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို၊ ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်တို့က မိမိဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


