လှည်းကူး ၁၄ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများမှ ပူးပေါင်းကျင်းပသော စာပေပြန့်ပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်အား ဇူလိုင်(၁၅)ရက်နေ့မှ ဇူလိုင်(၁၉)ရက်(အာဇာနည်နေ့)အထိ နေ့စဉ်နံနက်(၉)နာရီမှ ည(၉)နာရီထိ လှည်းကူးမြို့နယ် ဗိုလ်ချုပ်ရာပြည့်ပန်းခြံ၊ လှည်းကူးဈေးရှေ့တွင် သုတ၊ ရသ၊ ပုံပြင်၊ ဘာသာရေးစာအုပ် အသစ်/အဟောင်းများကို အဖိုးနှုန်းမှန်ကန်စွာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(လှည်းကူး)


