မြောင်းမြ ၁၄ ဇူလိုင်

(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် နံရံကပ်စာစောင် ဓာတ်ဓာတ်ပုံပြပွဲကို ဇူလိုင် ၁၃ ရက် မွန်းလွဲ ၂ နာရီက မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

 

3047

 

ရှေးဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်စန္ဒာမိုးက အာဇာနည်နေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

 

4054

 

ထို့နောက် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၀ ဦးက အာဇာနည်နေ့နှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိကို ဖြေဆိုကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)