ကံမ ၁၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ စည်ပင်သာယာမြို့မဈေးတွင် ယနေ့နံနက်က မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး ဈေးရောင်းဈေးဝယ်များအား ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူများသုံးစွဲရန် အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဈေးဆိုင်များနှင့် ဈေးဝယ်ယူသူများသို့ ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၏ ဆိုးကျိုးများနှင့် အစားထိုးပစ္စည်းများအသုံးပြုရန် လမ်းညွန်စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


