မြဝတီ ၁၄ ဇူလိုင် 

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ ဇူလိုင် ၁၄ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၅၃ပ

 

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဒိုင်များမှ အာဇာနည်နေ့နှင့်ပတ်သက်သည့် မေးခွန်းများအားမေးမြန်းရာ မြဝတီမြို့မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးက ဖြေဆိုယှဉ်ပြိုင်ကြသည်။

 

အဆိုပါပြိုင်ပွဲမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဇူလိုင် ၁၇ ရက်တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)