နေပြည်တော် ၁၄ ဇူလိုင်
ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်ထွေးတို့သည် အာရှဖွံ့ဖြိုးရေးဘဏ်အဖွဲ့- ADB(Asia Development Bank) အား ယနေ့နံနက် ၉ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်လိုသည်များကို တင်ပြဆွေးနွေးကြပြီး တင်ပြဆွေးနွေးမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက သိလိုသည်များကို မေးမြန်းကြ၍ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌများနှင့်အတူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအတွင်းရေးမှူး ဦးလှသန်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


