လှည်းကူး ၁၄ ဇူလိုင်

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူများမှ ပူးပေါင်းကျင်းပသော စာပေပြန့်ပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်အား ဇူလိုင်(၁၅)ရက်နေ့မှ ဇူလိုင်(၁၉)ရက် (အာဇာနည်နေ့)အထိ နေ့စဉ်နံနက်(၉)နာရီမှ ည(၉)နာရီထိ လှည်းကူးမြို့နယ် ဗိုလ်ချုပ်ရာပြည့်ပန်းခြံနှင့် လှည်းကူးဈေးရှေ့တွင် သုတ၊ ရသ၊ ပုံပြင်၊ ဘာသာရေးစာအုပ် အသစ်၊ အဟောင်းများကို အဖိုးနှုန်း မှန်ကန်စွာဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။    

 

နိုင်လင်း(လှည်းကူး)