ရန်ကုန် ၁၄ ဇူလိုင်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သို့ ဓာတ်အားပို့လွှတ်သည့် 33 kV သာကေတ-ဒဂုံတောင် ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် သစ်ပင်ခုတ်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အဖွဲ့ဝင်(၁) ဦးထွန်းထွန်းဆွေ၊ အရှေ့ပိုင်းခရိုင် မန်နေဂျာ(စီမံ) ဦးယဉ်မိုး၊ ခရိုင် မန်နေဂျာ(အင်/ယာ) ဦးခင်မောင်အေး နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးကျော်စန်း တို့ ကြီးကြပ်လျက် အရှေ့ပိုင်းခရိုင်အတွင်းရှိ (၁၃)မြို့နယ်မှ ဝန်ထမ်းများ၊ စည်ပင်သာယာပန်းဥယျာဉ်ဌာန ဝန်ထမ်းများစုပေါင်း၍ ဓာတ်အားလိုင်း ကြိုးနှင့် မလွတ်ကင်းသည့် အပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပျက်စီးချို့ယွင်းနေသည့် ကြွသေီးများ၊ လိုင်းကြိုးများကို ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ လုပ်ငန်းများကို (၂)လတစ်ကြိမ် ဆောင်ရွက်ပေးသည့်အတွက် ဓာတ်အားသုံးစွဲသူ မိဘပြည်သူများ ဓာတ်အားပြည့်ဝစွာရရှိစေပြီး လျှပ်စစ်အန္တရာယ် ကင်းရှင်းစေမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


