ရှမ်းရွာသစ် ၁၅ ဇူလိုင်


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကို ရယူခဲ့သော ခေါင်းဆောင်ကြီးများကို မမေ့စေရန်၊ နေ့ထူးနေ့မြတ်အကြောင်း သိရှိစေရန်နှင့် လူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အရုပ်ဆက်ပြိုင်ပွဲများကို ဇူလိုင် ၁၄ ရက်က ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲ၏ အမှတ်ပေး စည်းမျဉ်းစည်းကမ်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ပြိုင်ပွဲကို ဆက်လက် ကျင်းပရာ ဉာဏ်စမ်းပဟေဠိ(၁၆)ဦး၊ အရုပ်ဆက်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးတို့က စိတ်ဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ဇူလိုင် ၁၈ ရက်တွင် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre)ခန်းမ၌ ကျင်းပမည့် ဆုချီး မြှင့်ပွဲအခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝေဠု (ပြန်/ဆက်)