ပေါင်းတည် ၁၅ ဇူလိုင်


ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၌ သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ရှင်းလင်းသရုပ်ပြပွဲနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။


သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုအား အုပ်ဖို(၂ )ရပ်ကွက် ရွှေတည်ဈေးသစ်နောက်ရှိ လေ့ကျင့်ရေးကွင်းအတွင်း၌် တစ်ပါတည်း လေ့ကျင့်ဆောင်ရွက် ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူဝင်းက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချ က်အား ရှင်းလင်းပြောကြားပြီး လက်တွေ့သင်ကြားမှု ဘာသာရပ်မှ ရေဘေးအန္တရာယ်ကာကွယ်ရေးနှင့် ငလျင်ဘေးကျရောက်ပါက ဆောင်ရွက်ကယ်ဆယ်ရေးလုပ်ငန်း အဆင့်ဆင့်တို့အား မြို့နယ် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းမှူး ဦးဉာဏ်ဝင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ တပ်ရင်းမှူးဦးကြည်ထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ စေတနာ နာရေးကူညီမှုအသင်းနှင့် ကုသိုလ်ဖြစ်ဆေးရုံမှ တာဝန်ရှိသူများနှင့်အတူ  ဈေးသူဈေးသားများ၊ လာရောက်လေ့လာ ကြည့်ရှုကြ သူများက အဆိုပါလေ့ကျင့်ရေးကွင်းအတွင်း ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းပါဝင်ကြပြီး ဇာတ်တိုက်လေ့ကျင့် သင်ကြားခဲ့ကြောင်း သိရသည်။


တင်ဝင်းဇော်(မင်းသားကြီး)