ကော့ကရိတ်မြို့ ၁၅ ဇူလိုင်


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် သွီး (သဟဇာတလူငယ်) အဖွဲ့မှ ပြည်သူ့ရေးရာတာဝန်ယူမှု၊ တာဝန်ခံမှုအမြင်ဖွင့် သင်တန်းဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ကျင်းပခဲ့သည်။


အခမ်းအနားတွင် သွီး(သဟဇာတလူငယ်)တာဝန်ခံဦးမင်းခလိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းရှိန်က ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ NGO၊ INGO၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် သင်တန်းဆွေးနွေးပို့ချရာ အဖွဲ့တာဝန်ခံဦးမင်းခလိန်းက အစိုးရနှင့် အုပ်ချုပ်ရေးအခြေခံ သဘောတရားများ၊ ပြည်သူ့ရေးရာတာဝန်ခံမှု အခြေခံသဘောတရားများအား ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ နည်းပြဦးစောငြိမ်းမိုးက ပြည်သူူ့ဝန်ဆောင်မှုဖြစ်စဉ်၊ ပြည်သူပူးပေါင်းပါဝင်မှုအား ဆွေးနွေးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြသည်။ 


အဆိုပါ သင်တန်းသို့ မြို့ပေါ်ရပ်ကွက် ၁နှင့်၂ တို့မှ သင်တန်းသူ၊ သင်တန်းသား(၂၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလ ၁၄ ရက်မှ ၁၅ ရက်ထိ ၂ ရက်တာ ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။


ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)