နေပြည်တော် ၁၅ ဇူလိုင်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် လက်မှတ်ရရှိထားသူများအား နိုင်ငံတော်မှ ထိုက်သင့်သည့် ချေးငွေထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ပံ့ပိုးမှုရရှိနိုင်ရေးနိုင်ငံတော်မှ ချေးငွေထုတ်ပေးနိုင်ရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် ချေးငွေရရှိနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် လက်ရှိညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။
ဘဏ်တစ်ခုခုကမှ CF လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ်ရရှိသူများကို ငွေထုတ်ချေး မည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ကြိုးစားကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိပါသလားဟု မေးမြန်းရာတွင် လုပ်ထုံးလုပ်နည်းနှင့် မူဝါဒပိုင်းဆိုင်ရာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Photo Credit.ပြည်သူ့လွှတ်တော်