နေပြည်တော် ၁၅ ဇူလိုင်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ပထမနေ့သို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသား/ကျောင်းသူများ၊ Hanns Seidel Foundation မှ ဧည့်သည်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်မှ တဆင့် လာရောက် လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၂၅၀) ဦး တက်ရောက် လေ့လာခဲ့ကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၅၃,၅၈၉) ဦး ရှိကြောင်း၊ လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံး တို့မှသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်