ရန်ကုန် ၁၅ ဇူလိုင် 


    
ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


    
အခမ်းအနားတွင် သုဓမ္မသိင်္ဂီ ဒေါ်စန်းစန်းရီမိသားစု( Super One Holdings Co,.Ltd )က ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးအတွက် အလှူငွေကျပ်သိန်း(၁၀ဝဝ)၊ ဦးဟန်ဇော်ထွန်း + ဒေါ်ယုယုဝင်းမိသားစု ( Astro World Co,.Ltd )က ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက် အလှူငွေကျပ်သိန်း(၁၀ဝ)၊ နယ်စပ်နှင့်တောင်တန်း သာသနာပြုရဟန်းတော်များ သာသနာပြုကိစ္စများ ဆောင်ရွက်ရန်အတွက် ငွေကျပ်သိန်း (၁၀ဝ)တို့ကို ပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)