နေပြည်တော် ၁၅ ဇူလိုင်

 

ကျောင်းသားကျောင်းသူများ အသိအမြင် ဗဟုသုတကြွယ်ဝစေရေးနှင့် အချင်း ချင်းပူးပေါင်းဆောင်ရွက်သည့် အလေ့အထများ ထွန်းကားစေရန်ရည်ရွယ်လျက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- ရန်ကုန်နှင့် Colgate Palmolive Co., Ltd တို့ ပူးပေါင်း၍ ပထမအကြိမ် သွားဘက်ဆိုင်ရာ ဆေးပညာပဟေဠိပြိုင်ပွဲ (SMILE DENTAL QUIZ) ကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ တက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပရာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် အဖွဲ့များအား ပါမောက္ခချုပ်နှင့် ဌာနမှူး များက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။ 

 

သတင်းစဉ်