နေပြည်တော်  ၁၅  ဇူလိုင် 


    
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Forest Trends မှ Director Ms. Kerstin Canby နှင့် အဖွဲ့ အား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

dsjfp


    
တွေ့ဆုံစဉ် မြန်မာနိုင်ငံ တွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး(EITI) အစီရင်ခံစာပါ သစ်တောကဏ္ဍဆိုင်ရာအချက် အလက်များ၊ အစိုးရ၊ ပုဂ္ဂလိကနှင့် မြို့ပြအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ၊ သစ်တောမူဝါဒနှင့် ဥပဒေများ၊ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ မူဘောင်၊ ရာသီဥတုပြောင်းလဲမှု မူဝါဒနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် သစ်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ လျှော့ချခြင်းအစီအစဉ်များ၊ သစ်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆိုင်ရာ လိုက်နာဆောင်ရွက်သည့် လုပ်ငန်းစဉ်များ၊ သစ်ထုတ်လုပ်မှုလျှော့ချ ခြင်းကြောင့် ဆင်နှင့် ဆင်ထိန်းမိသားစုများ ရပ်တည်မှုအတွက် ဆင်ထိန်းသိမ်းရေးအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)