ရန်ကုန် ၁၅  ဇူလိုင် 


    
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ် ( YMBA )က မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ထူးဆောင်နာယကခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး(ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ  YMBA  အသင်းချုပ်ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား YMBA အသင်းချုပ်က မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ထူးဆောင်နာယက ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍  ရှင်းလင်တင်ပြသည်။

 

ထို့နောက် YMBA  အသင်းချုပ်ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းနှင့် စီမံရေးရာတာဝန်ခံ ဦးစိန်သန်းတို့က ပြည်ထောင်စုဝန်ကြီးအား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်နှင့် အသင်းချုပ် ဂုဏ်ထူးဆောင်နာယက ခန့်အပ်ခြင်းဆိုင်ရာ ဘွဲ့လက်မှတ်များအား ပေးအပ် ချီးမြှင့်ကြသည်။

 

ဆက်လက်၍ YMBA နာယကကြီးများအဖွဲ့မှ အဘိဓမ္မာဆရာကြီး ဦးမြင့်စိုးက ပြည်ထောင်စုဝန်ကြီးအား YMBA အသင်းချုပ်၏ ဂုဏ်ထူးဆောင်နာယကအဖြစ် ခန့်အပ်လွှာနှင့် အဆောင်အယောင်များကို ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ဆက်လက်၍ အသင်းချုပ် ဂုဏ်ထူးဆောင် နာယက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က YMBA  အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲထွန်းအား မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ကျေးဇူးတင်စကားနှင့် သာသနာ ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

 

သတင်းစဉ်