နေပြည်တော် ၁၅   ဇူလိုင်

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် လတ်တလောဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများတွင် တပ်မတော်သားများမှ အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးများ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်း မှုပျက်ပြားစေရန် ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေမှု အခြေအနေ၊ တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမရှိစေရေး CTFMR  နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေ၊ ရခိုင်ပြည်နယ် အတွင်း နေရပ်စွန့်ခွာသူများအား ဥပဒေနှင့်အညီ ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ သွားလာနိုင်ရေး ခွင့်ပြုထားမှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)