ခန္တီး ၁၆ ဇူလိုင်
ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ဖွင့်လှစ်ထားရသည့် ရေဘေးသင့် ကယ်ဆယ်ရေးစခန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညနေပိုင်းတွင် ရေဆက်လက်ဝင်ရောက်သည့် ခန္တီးမြို့မ မင်္ဂလာဈေးနှင့် ရေဝင်ရောက်နေသည့် နေရာများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လိုက်လံကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာသို့ ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်သိန်း လမ်းညွှန်ချက်ဖြင့် မြို့မရဲစခန်းမှူး ဒုရဲမှူးအေးချို ကြပ်မတ်၍ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်ကျော်ဦးစီးလျက် လုံခြုံရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


