ရိခေါ်ဒါရ်   ၁၆  ဇူလိုင်      


ချင်းပြည်နယ်မြောက်ပိုင်း ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ချစ်ကြည်ရေးတံတားပေါ်မှ ကုန်စည်များ သယ်ဆောင်ခြင်းကို တစ်ဖက်အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း သိရသည်။

    
အဆိုပါ မြန်မာ - အိန္ဒိယ နယ်စပ်ချစ်ကြည်ရေး တံတားပေါ်မှ ကုန်စည်များသယ်ဆောင်ခြင်းကို တစ်ဖက်အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် အကောက်ခွန်ဌာနချုပ်၏ ညွှန်ကြားချက်အရ ဇူလိုင် ၁၅ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ကုန်စည်စီးဆင်းမှုအား ပိတ်ပင်ထားရှိသည်ကို မသိရှိရပေ။  ယခု ရက်အကန့်အသတ်မရှိ ပိတ်ပင်မှုအပေါ် ကုန်စည်စီးဆင်းမှုသာ ပိတ်ပင်ထားခြင်းဖြစ်၍ လူဝင်ထွက်မှုနှင့် ယာဉ်ငယ်များ ဝင်ထွက်သွားလာမှုကိုမူ ခွင့်ပြုပေးထားကြောင်း ရိခေါ်ဒါရ် ပြန်/ဆက်မှ သိရသည်။


MDN