ကသာ ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၇၂) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကို ယနေ့ နံနက် ၇ နာရီ က ကသာမြို့ ဝန်ထမ်းအိမ်ရာဝင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပွဲတော်သို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် ဌာနဆိုင်ရာများ၊ ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး နှင့် သစ်တောဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်းအင်အား ၈၀ဝ ကျော်ဖြင့် ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ ပိတောက်နှင့် မန်ဂျန်ရှားပျိုးပင် ပေါင်း ၈၅၀ ကို စိုက်ပျိုးခဲ့ကြကြောင်း သိရပါသည်။
လူအောင်(ကသာ)


