လေးမျက်နှာ ၁၆ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သော (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီက အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထူးထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးလှဝင်းက အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အာဇာနည် ကိုးဦး၏ အထ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်၏ မိန့်ခွန်းများကိုလည်းကောင်း၊ ဆရာလှိုင်အေး (လေးမျက်နှာ)က ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတုယူဖွယ်ရာ စိတ်ဓာတ်များ ယနေ့ချိန်ထိ မမေ့နိုင်သော အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းဖြစ်စဉ်များကို လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။
ထို့နောက် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော လေးမျက်နှာမြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ပြသသည့် အာဇာနည်ကိုးဦး၏ ကိုယ်ရေးအကျဉ်းများ ဗိုလ်ချုပ်မိန့်ခွန်းများ စသည့် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်ဗီနိုင်းပိုစတာများအား ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်းသိရသည်။
ရွှေမိုး(ပြန်/ဆက်)


