မေတ္တာ ၁၆ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့ မဟာဗျူဟာတပ်ဦးကျောင်း၌ (၁၅)အကြိမ် မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပူဇော်ပွဲကို ယနေ့နံနက်၉နာရီကကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မေတ္တာမြို့၊ မဟာဗျူဟာတပ်ဦးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးအရိယဝံသထံမှ ငါးပါး သီလခံယူ ဆောက်တည်ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ နယ်မြေခံတပ်ရင်းမှဒု-တိုင်းရင်းမှူး ထွန်းရန်နိုင်၊ နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ထိန်လင်းနှင့် ဌာနဆိုင်ရာများ၊ တရားနာ ပရိသတ်များက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး (ပြန်/ဆက်)


