ဟိုပင် ၁၆  ဇူလိုင်  


ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့၌ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီ ခွဲက ရွာသစ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
    

အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ ဖြစ်ကြသော ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့် (ခေါ်) ဦးဒိတ်၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ လီဆူ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်နှင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယု တို့က မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသ၏ လိုအပ်ချက်များဖြစ်သော လျှပ်စစ်မီးလင်းရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိမ့်စမ်းရေရရှိရေး၊ စက်ရေတွင်းတူးဖေါ်ပေးရေး၊ လမ်း၊ တံတား၊ မြေယာကိစ္စရပ်များအား ပြည်သူများ၏ တင်ပြချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
    

ဆက်လက်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကြာကြီးကွင်း ကျေးရွာအုပ်စုအတွင်းရှိ ရှမ်းကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်လည်း အလားတူ ဆောင်ရွက်ခဲ့သည်။ ၄င်းနောက် ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးယုက ကချင်ပြည်နယ် လွှတ်တော် ဥပဒေ ပေါင်းချူပ်စာအုပ်များ ပေးအပ်လှူဒါန်ခဲ့ကြောင်း သိရသည်။

                                                                                          

 တိုးတိုးမေ - ဟိုပင် 

 

1