ပုလဲ ၁၆  ဇူလိုင် 
        

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့တွင် မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းခြင်းနှင့် လူငယ်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ဇူလိုင် ၁၅ ရက် မွန်းလွဲပိုင်းက  ပုလဲရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

        
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးတိုးတိုးဝင်းတို့က အမှာစကား ပြောကြားခဲ့သည်။

        
ဆက်လက်၍ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အဖွဲ့ဝင် ကိုဝင်းဇော်ခိုင်က မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒအကြောင်း သိကောင်းစရာများကို မိတ်ဆက်ရှင်းလင်း ဆွေးနွေးခဲ့ပြီး  ခရိုင်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ကိုအောင်စိုးလွင်က ခရိုင်လူငယ်ရေးရာကော်မတီဖွဲ့စည်းပုံနှင့် ခရိုင်လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်အဖြစ်  ပုလဲမြို့နယ်လူငယ်တာဝန်ခံ  ရွေးချယ်မည့်  နည်းစနစ်များကို  ရှင်းလင်း ဆွေးနွေးခဲ့သည်။
        

ထိုနောက် ပုလဲမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ လူငယ်များက ရှင်းလင်းဆွေးနွေးမှုများနှင့် ပတ်သတ်၍  သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အဖွဲ့ဝင် ကိုဝင်းဇော်ခိုင်နှင့် ခရိုင်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ကိုအောင်စိုးလွင်တို့က ပြန်လည်ဖြေကြားခဲ့ပြီး ခရိုင်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်အဖြစ် ပုလဲမြို့နယ်လူငယ်တာဝန်ခံကို ရွေးချယ်ရန်အတွက် အဆိုပြုသူ လူငယ်(၄)ဦးမှ တစ်ဦးကို တက်ရောက်လာသော လူငယ်များက ဆန္ဒမဲပေးကြရာ ပုလဲမြို့နယ်၊ ကိုင်းတွင်းကျေးရွာနေ ကိုညွှန့်နိုင်ထွန်းက ရွေးချယ်ခံရကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN

 

1