မကွေး  ၁၆    ဇူလိုင်   

 
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ ဇူလိုင်လ ၁၆ ရက် ယနေ့နံနက် ၁၀ နာရီက မကွေးမြို့မြသလွန်စေတီတော် ရင်ပြင်ပေါ်ရှိ မဟာဝိဇယရံသီတန်ဆောင်းတော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများက သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်း (၃၄၈)စုံ၊ ငွေကျပ်(၇၀)သိန်းကျော် တန်ဖိုးရှိ လှူဖွယ်ဝထ္ထုပစ္စည်းများ လှူဒါန်းဆက်ကပ်ကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

 

1

 


ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရှေးဦးစွာ မကွေးမြို့ ရာဇမုနိကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တကေလာသ(နိုင်ငံတော်သြဝါဒါစရိယ)ဆရာတော်ထံမှ ကိုးပါးသိီလခံယူဆောက်တည် ကာ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

 

1

 


ထို့နောက် ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊မကွေးတိုင်းဒေသကြီးလွှတ်တော် ဒု-ဥက္ကဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအကြီအကဲများက နိုင်ငံတော်သြဝါဒါဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  မကွေးမြို့ မဟာဓမ္မိကာရာမ ကျောင်းတိုက် ပဓာန နာယက နိုင်ငံတော်သံဃာ့ မဟာနာယက မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်းနှင့် ပင့်သံဃာတော်အရှင်သူမြတ်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သန်းနိုင်ဦး(ငဖဲ)