နောင်ချို ၁၇ ဇူလိုင်
(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံတူပန်းချီပြိုင်ပွဲကို ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၂၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
၎င်းနောက် ပါဝင်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်၊ ဓာတ်ပုံများအား ကြည့်ရှု့လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ဆက်မှ သိရသည်။
MDN


