နေပြည်တော် ၁၇ ဇူလိုင်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်မြစန်းရီက ကျောင်းသားကျောင်းသူလေးများ အနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှု ရှိလာစေရန်နှင့် ပြန်/ဆက်ဦးစီးဌာနစာကြည့်တိုက်များသည် အများပြည်သူလူထုအတွက် ဖွင့်လှစ်ပေးထားသည်ကို သိရှိစေရန် စာကြည့်တိုက်အတွင်းသို့ ဖိတ်ခေါ် ၍ ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် စိမ်းစားပင်ကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၄ ဦးက အာဇာနည်နေ့ဒို့မမေ့၊ (၁၉)ဇူလိုင် မမေ့နိုင်၊ မျက်ရည်မိုးပြိုင်လဇူလိုင် ခေါင်းစဉ်များဖြင့်အသီးသီးယှဉ်ပြိုင်ခဲ့ကာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူလေးများအား မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေး အပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ပြန်/ဆက်ဦးစီးမှူး ဒေါ်မြစန်းရီ၊ စိမ်းစားပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ တာဝန်ရှိ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကာ ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် အာဇာနည်နေ့ အထိမ်းအမှတ် ပြသထားသောနံရံကပ် စာစောင်များ အား စိတ်ဝင်တစားကြည့်ရှုခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


