တိုကျို ၁၇ ဇူလိုင်

တောင်ကိုရီးယားနိုင်ငံမှ နည်းပညာမြင့်ထုတ်ကုန်ပစ္စည်းအချို့တို့အပေါ် တင်ပို့ကုန်ဆိုင်ရာ စည်းမျဉ်းများ ပိုမိုတင်းကျပ်လိုက်ခြင်းသည် စစ်အတွင်းကာလ လုပ်သားများကိစ္စကို  လက်တုံ့ပြန်ခြင်း  မဟုတ်ကြောင်း  ဂျပန်ကုန်သွယ်ရေးဝန်ကြီး ဟီရီရှီဂီစီကိုက ပြောကြားလိုက်သည်။

တောင်ကိုရီးယားနိုင်ငံမှ နည်းပညာမြင့် တင်ပို့ကုန်များကို  ပိုမိုစည်းကမ်းတင်းကျပ်လိုက်သည့်လုပ်ရပ်မှာ စစ်အတွင်းကာလက လုပ်သားများကိစ္စကို တုံ့ပြန်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်းက ဝေဖန်ပြောဆိုခဲ့ပြီးနောက်တွင် ဂျပန် ကုန်သွယ်ရေးဝန်ကြီးက ထိုသို့  တုံ့ပြန်လိုက်ခြင်းဖြစ်သည်။  မကြာသေးမီက လုပ်ဆောင်ခဲ့သည့်  စည်းကမ်းတင်းကျပ်မှုသည် တင်ပို့ကုန်ဆိုင်ရာလုံခြုံရေးဆိုင်ရာ ရည်ရွယ်ချက်အတွက် တင်ပို့ကုန်ထိန်းချုပ်မှုများ သင့်လျော်စွာဆောင်ရွက်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း စတင်ဆောင်ရွက်ချိန်ကတည်းက  ရှင်းရှင်းလင်းလင်း  ဖော်ပြခဲ့ပြီးဖြစ်သည်ဟု မစ္စတာစီကိုက ပြောကြားခဲ့ပြီး သမ္မတ မွန်ဂျယ်အင်း၏ စွပ်စွဲချက်မမှန်ကန်ကြောင်း ငြင်းဆန်ခဲ့သည်။

အင်န်အိတ်ချ်ကေ