တောင်ဥက္ကလာပ ၁၇ ဇူလှိုင်
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ပူးပေါင်း စီစဉ်ကျင်းပသော ပြည်သူ့စကားဝိုင်းကို "လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး" ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တောင်ဥက္ကလာပကျောင်းတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာမွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးခင်ညိုဦးနှင့် မြို့နယ် ဥပဒေအရာရှိ ဒေါ်ဝင်းသန္တာတို့မှ ပါဝင်ဆွေးနွေးပေးမည် ဖြစ်ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သတင်း ရရှိပါသည်။
MDN


