မိုင်းဆတ် ၁၇ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ သက်ငယ်မုဒိမ်းမှု ကြိုတင် ကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီခွဲက မိုင်းဆတ်မြို့၊အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ၊ ဒေါ်ခင်သီတာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အမျိုးသမီးရောအဖွဲ့ဥက္ကဌ ဒေါ်ရီရီမော်က သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲအုပ်ဇော်သူက သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေးကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးနေမင်းထက်က သက်ငယ်မှုဒိမ်းမှု နှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း အသိပညာပေး ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူတို့ သိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးသည်။
အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူ(၂၃၅)ဦး တက်ရောက်ခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN


