ထီးချိုင့် ၁၇ ဇူလိုင်
ဧရာဝတီမြစ်ရေ မြင့်တက်၍ ရေဝင်ရောက်လာမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် အတွင်း၌ စာသင်ကျောင်း (၁၉)ကျောင်း ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကြက်တကောင်(အ.ထ.က)၊ ကမ်းနီ(အ.ထ.က)၊ ဆင်ကျွန်း(အ.လ.က)၊ ဝဲကြီး(ကမ်းနီ)(အ.လ.က)၊ ကျီးကန်းဒေါင့် (အ.လ.က) ဝဲကြီး(ချွန်းတောင်)(အ.လ.က)၊ မအူကုန်း(အ.လ.ကခွဲ)ဒင်ကျီးကျ(အ.လ.က ခွဲ)၊ ရွာသစ် (ကျီးကန်း ဒေါင့်) (အ.လ.က ခွဲ)၊ နီတာ(အ.လ.က ခွဲ)၊ ဆပ်ကျရွာမ(အ.လ.က ခွဲ)၊ ဝန်လိုကုန်း(မူလွန်)၊ ဆပ်ကျ ကျွန်း(မူလွန်)၊ ရေဝ(မူလွန်)၊ ခက်သင်ကျွန်း(အ.မ.က)၊ရေပျံ(အ.မ.က)၊ သက္ကယ်ကျင်း(အ.မ.က)၊ ပိန္ဒဲကုန်း(အ.မ.က)၊ ဘူးကြီးကုန်း (အ.မ.က) စုစုပေါင်း ၁၉ ကျောင်း ပိတ်ထားကြောင်း သိရှိရပါသည်။
ယနေ့မွန်းလွဲ ၁၂ နာရီအချိန် မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ ၇၄၉ စင်တီမီတာ ရောက်ရှိပြီး စိုးရိမ်ရေမှတ်ထက် ၅၄ စင်တီမီတာ ကျော်လွန်နေကြောင်း သိရပါသည်။
ရဲလင်းထွန်း(ပြန်/ဆက်)


