နေပြည်တော် ၁၈ ဇူလိုင်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် တတိယ(၁၀) ရက်ပတ် မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်-


ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၁-ပေမှ ၂-ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ပြီး၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁-ပေမှ ၄-ပေခန့် လက်ရှိရေအမှတ် များအထက် မြင့်တက်လာနိုင်သည်။


ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂-ပေမှ ၄-ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းနိုင်ပြီး မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၁-ပေမှ ၃-ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။


MDN