အင်္ဂပူ ၁၈ ဇူလိုင်


အင်္ဂပူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို အင်္ဂပူမြို့ မြို့တော်ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်စိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မင်းထိုက်က အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာများအကြောင်းကို သင်တန်းပို့ချခဲ့သည်။


အဆိုပါအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၄၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


မန်းကျော်(ပြန်/ဆက်)