ကသာ  ၁၈ ဇူလိုင်  


ကသာမြို့နယ်အတွင်း စိုးရိမ်ရေအမှတ် ကျော်လွန်၍ ရေနစ်မြုပ်ခဲ့သော ရေဘေးသင့်ပြည်သူများအား ကျေးရွာများအရောက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၁၇ နံနက် ၁၁ နာရီက စတင်၍ ဧရာဝတီမြစ်အထက်ပိုင်းနှင့် ဧရာဝတီမြစ်အောက်ပိုင်းသို့ ဌာနဆိုင်ရာများမှ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

1

 


ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေအမှတ် ကျော်လွန်ရောက်ရှိသောကြောင့် နေအိမ်စွန့်ခွာ၍ ကသာမြို့နယ် အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ရသော ကျောက်ထုံးကြီး၊ စစ်ကုန်း၊ ဝေစွယ်၊ နွယ်နီ၊ ငလူးတုန်း၊ စစ်ကုန်း၊ မြေနီးကုန်း၊ ကျွဲခြံ၊ ဒေါင့်ကြီး၊ ဆည်ကြီး၊ ရေလယ်ကျွန်း၊ ဘွက်၊ စက်ဆုပ်၊ သပြေသာ၊ အင်းရွာ၊ ရွှေဘုံသာ၊ ဦးစောကျွန်း၊ လက်ပန်ဇင်၊ ဂွေ့ကြီး၊ အောက်သဖန်းဒေါင့် စသည့်ကျေးရွာနှင့် အမှတ် (၃/၅/၈) ရပ်ကွက်များမှ အိမ်ထောင်စု (၅၁၆)စု၊ လူဦးရေ (၂၄၆၈) ဦးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး စုစုပေါင်း ငွေကျပ် ၅၉၈၂၈၀ဝ ထောက်ပံ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မိသားစုသုံး ပစ္စည်း (Family Kits) များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ရာင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်းပါဝင်၍ ကျေးရွာများအရောက် ထောက်ပံ့ပေးအပ်မှုများ ဆောက်ရွက်ခဲ့ကြောင်း သိရသည်။


ဟန်မျိုးကျော် (ကသာ)